Friday, January 5, 2018

Structure Analysis & RC members Design

RC column 

အရင်ဆုံးအနေနဲ့ တကယ့် site ထဲမှာ ကိုယ့် Project မှာ သုံးမယ့် Concrete Grade ကိုသိရပါမယ်
(ဥပမာ .. grade 30, grade 35, grade 40 စသည်..)
နောက်ပြီး RC column ထဲမှာ သုံးမယ့် steel ရဲ့ strength ကို သိဖိုလိုပါတယ်။
(ဥပမာ ... grade 275, grade 460 စသည်..)


RC column ဆိုတာဟာ Compression Member ဖြစ်တဲ့အတွက် structure တစ်ခုမှာ အင်မတန်မှာ အရေးကြီးတဲ့ element တစ်ခုဖြစ်ပါတယ်။
ပြို ပြီဟေ့ ဆိုရင် ၀ိုင်း ဒိုင်း ဆိုပြီးတော့ ပြိုတော့တာဘဲ။ structural warning ပေးတဲ့အချိန်ဟာ အင်မတန်တိုတောင်းတဲ့အတွက် မလိုအပ်တဲ့ နှစ်နာဆုံးရှုံးထိခိုက်မှုများ မရှိရလေအောင် ဒီဇိုင်းလုပ်ရမှာ အင်မတန် သတိထားသင့်ပါတယ်။


2D နဲ့ ဒီဇိုင်းလုပ်မယ်ဆိုရင်တော့ ....
Frame analysis ကနေ ရထားတဲ့ Column Moment ရယ်
Estimated လုပ်ပြီး တွက်ချက်ထားတဲ့ Column Loading ရယ် လိုအပ်ပါတယ်
ပုံမှန်အားဖြင့်တော့ ... Shear က column ရဲ့ tie bar ကို effect သိပ်မဖြစ်ဘဲ ... Design Code အရ minimum ရှိရမယ့် spacing နဲ့တင် အိုကေ လေ့ရှိပါတယ် ...။


3D နဲ့ ဒီဇိုင်းလုပ်မယ်ဆိုရင်တော့
3D structural analysis & design လုပ်လို့ရတဲ့ software တစ်ခုခု (Staad Pro, Etabs etc..) နဲ့ ကိုယ့် ရဲ့ structure ကို Model တည်ဆောက်ထားဖို့လိုပါတယ်။
အာခီပုံလိုအပ်ချက်ကိုကြည့်ပြီး ကိုယ့်ရဲ့ 3D model ကို လိုက်လျော်ညီထွေမှုရှိအောင်နဲ့ structural point of view အရ သင့်လျော်မှု ရှိအောင် တတ်နိုင်သမျှ simplified လုပ်ဖို့လိုအပ်ပါတယ်။
3D ဆိုတဲ့အတိုင်း Architect က ပညာ ပြတဲ့အပေါ်မူတည်ပြီးတော့ ခက်ခဲ ရှုပ်ထွေးမှုရှိနိုင်ပါတယ်။ 3D software တွေဟာက ကိုယ် data input လုပ်သမျှ သူကလဲ output data တွေပြန်ထုတ်ပေးမှာပါ။
အရေးအကြီးဆုံးအနေနဲ့ သတိထားရမှာကတော့ ကိုယ့် input data လွဲရင် ဖြစ်ဖြစ်၊ ကိုယ့်စဉ်းစားတဲ့ assumption အပိုင်းတွေ လွဲရင်ဖြစ်ဖြစ် မမှန်တဲ့ output ကို software က ပြန်ထုတ်ပေးမှာ ဖြစ်တဲ့အတွက် ဘယ်တော့ မဆို 3D software နဲ့သာ structural design တွက်မယ်ဆိုရင်တော့ အချိန်တိုင်း counter check အမြဲလုပ်ဖို့လိုပါတယ်။ 3D software က ပြန်ပေးသမျှ output တွေကို ဖြစ်နိုင် မဖြစ်နိုင် အမြဲ မျက်စိ ဒေါက်ထောက်ကြည့်နေရမှာပါ။ ဒီအချက်ဟာ RC column design မှ မဟုတ်ပါဘူး၊ တခြား ဘယ် software ဘဲသုံးသုံး သတိထားသင့်တဲ့အချက်ပါ။
အဲ့ဒီ နေရာမယ့် အတွေ့အကြုံ ရှိဖို့လိုပါတယ်။ လုံလောက်တဲ့ အတွေ့အကြုံ မရှိသေးခင်စပ်ကြား တကယ့်ဆုံးဖြစ်ပေးနိုင်တဲ့ သူတွေရဲ့ လမ်းညွှန် အကြံဥာဏ်ပေးမှုတွေ လိုအပ်လှပါတယ်။
3D model ဆောက်ပြီးပြီ။ Architect drawing အရ Loading တွေလဲ တင်ပြီးပြီ ဆိုရင်တော့ Analysis လုပ်လိုက်ရုံပါဘဲ။
Analysis result ကလဲ အဆင်ပြေတယ်ဆိုရင် Design code ရွေးချယ်ပြီး Design ဆက်လုပ်ရုံပါဘဲ။


ဒီနေရာမယ် တစ်ခု ထပ်သတိထားဖို့လိုတာကတော့ lateral force ( Wind Load, Notional Load ... ) တွေထည့်စဉ်းစားရတဲ့ structure တွေမှာဆိုရင်တော့ column ရဲ့ tie bar တွေဟာ ပိုပြီး စိပ်နိုင်ပါတယ်။
earthquake (seismic Load) ဒီဇိုင်း ကိုထည့်သွင်းတွက်ချက်ရရင်တော့ seismic detailing အရ ကျိန်းသေ တကယ်ထွက်တာတွေထက် အများကြီး ပိုစိပ်စိပ်ထည့်ပေးရတတ်ပါတယ်။
ငလျင် ဒီဇိုင်း တွက်ချက်ပါက seismic design detailing ကို follow လုပ်ရပါမယ်။ သာမန်သုံးနေကျ detailing အတိုင်း မပြုလုပ်နိုင်ပါ။
(ဥပမာ .. ပုံမှန်အားဖြင့် column main bar များကို floor တစ်ထပ်ချင်းစီရဲ့ floor slab အပေါ်လေးတင် ကပ်ပြီး lapping ဆက်တတ်ကြသော်လည်း ... ငလျင်ဒီဇိုင်းတွင် ... column main bar များအား column ရဲ့ အလယ် (mid height of floor to floor height) တွင် အနဲဆုံး 50% သာ ဆက်ခွင့်ပြုပါသည်)  

RC beam

အရင်ဆုံးအနေနဲ့ တကယ့် site ထဲမှာ ကိုယ့် Project မှာ သုံးမယ့် Concrete Grade ကိုသိရပါမယ်
(ဥပမာ .. grade 30, grade 35, grade 40 စသည်..)
နောက်ပြီး RC Beam ထဲမှာ သုံးမယ့် steel ရဲ့ strength ကို သိဖိုလိုပါတယ်။
(ဥပမာ ... grade 275, grade 460 စသည်..)


RC Beam ဆိုတာကတော့ Tension Member လို့ပြောလို့ရပါတယ်။ ဒါပေမယ့် ရံဖန်ရံခါ .. size ကို limit လုပ်ပြီး ထပ်မကြီးဘဲ ဒီဇိုင်းလုပ်တဲ့အခါများကြရင်တော့ Compression steel ကိုလဲ ထည့်ပေးရတတ်ပါတယ်။ Beam ကို Tension Member အဖြစ် ဒီဇိုင်းလုပ်ထားမယ်ဆိုရင်တော့ ၀ိုင်း ဒိုင်း ဆိုပြီး မပြိုနိုင်ဘဲ ... warning တွေပေးမယ်၊ အသံတွေမြည်လာမယ်၊ crack တွေပေါ်လာမယ်၊ deflection တွေ အလွန်အမင်းဖြစ်မယ်၊ .. နောက်ဆုံး Main steel တွေ yield ဖြစ်ပြီး တော့ steel တွေ ပြတ်တောက်သွားမှ အဲ့ဒီ beam က ကျိုးသွားမှာပါ။ beam တစ်ချောင်း နှစ်ချောင်း ကျိုးရုံနဲ့ အဆောက်အဦးတစ်ခုလုံး ပြိုကျသွားဖို့ သိပ်မလွယ်ပါဘူး။ ဒါပေမယ့် Column ၂ တိုင် ၃ တိုင် ပြိုရင်တော့ ကျန်တဲ့ column တွေပါ ဆက်လိုက်သွားတတ်ပါတယ်။
RC beam design မှာတော့ Steel grade က ပိုပြီးတော့ control ဖြစ်၊ ပိုပြီးတော့ အရေးပါပါတယ်။

2D နဲ့ ဒီဇိုင်းလုပ်မယ်ဆိုရင် .....
RC beam ဒီဇိုင်းလုပ်ရမှာတော့ Main steel နဲ့ stirrups ကို ဒီဇိုင်းလုပ်ပေးရပါတယ်။
Main steel ကို ဒီဇိုင်းလုပ်ဖို့ရန်အတွက် frame analysis က ရထားတဲ့ Bending moment ကိုယူပြီး၊ အသုံးချမယ့် code များပေါ်မူတည်ပြီး၊ အသုံးပြုမယ့် steel diameter ကိုသိမယ်ဆိုရင် .. အရေအတွက်ဘယ်လောက်ထည့်ရမလဲ ဆိုတာကို တွက်ယူလို့ရပါတယ်။
Stirrups ဒီဇိုင်းကတော့ frame analysis က ရရှိမယ့် Shear ကိုအသုံးပြုပြီးတွက်ယူရပါမယ်။
တစ်ခါတစ်လေမှာတော့ Beam Design မှာ Torsion အခြေအနေဖြစ်ပေါ်နေရင်တော့ .. Torsion Steel ကိုထည့်ပေးရပါမယ့်။ Torsion steel ဟာ Beam ရဲ့ Main Steel နဲ့ Stirrups ကိုပါ သွားထည့်ပေါင်းပေးရမှာ ဖြစ်ပါတယ်။


3D နဲ့ ဒီဇိုင်းလုပ်မယ်ဆိုရင်တော့ .. (later force တွေ ထည့်သွင်းစဉ်းစားရမယ်ဆိုရင်)
Beam Design မှာ အထက်ပါဖော်ပြထားသလို Main Steel, Stirrups & Torsion Steel များအပါ အ၀င် .. အထူးသဖြင့် .. Beam ဟာ Shear wall, lift core wall တွေကြားမှာ ဆက်သွယ်ထားတယ်ဆိုရင်တော့ အဲ့ဒီ Beam ဟာ axial force တော်တော်များများကိုလဲ ခံစားနေရနိုင်တဲ့အတွက် Axial force ကိုလဲ ထည့်သွင်းစဉ်းစားပေးရန်လိုအပ်ပါတယ်။

grade 25 က tube strength, fcu (BS code) = 3625 psi လောက်ရှိပါမယ်။
grade 25 က cylinder strength, fc' (ACI code) = 2900 psi လောက်ရှိပါမယ်။


တကယ်တမ်း မြန်မာပြည်မှာ concrete compressive strength စမ်းလေ့စမ်းထရှိတာကလဲ tube test ဘဲစမ်းလေ့ရှိပါတယ် (ပစ္စည်းကိရိယာအခြေအနေအရရယ်၊ မို ယူရတာ လွယ်ကူအဆင်ပြေတာရယ်ကြောင့်ပါ)။ နောက်ပြီး မှ cylinder strength ကို ပြန်ပြောင်းယူရတာပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာက ACI Code နဲ့ ဒီဇိုင်းတွက်လို့ပါ။

မြန်မာပြည်မှာကတော့ ကျနော်အတွေ့အကြုံအရ .. အိုလံပစ်၊ ယုဇန၊ ရွှေသံလွင်၊ မောင်ဝိတ်၊ ဒဂုံအင်တာနေရှင်နယ်၊ ၀ါဝါ၀င်း၊ Asia express .. စတဲ့ ဆောက်လုပ်ရေး company တွေရဲ့ ready made concrete နဲ့လောင်းတဲ့ construction site တွေမှာတော့ Grade 25 နဲ့လောင်းကြတာများပါတယ်။ ready made concrete နဲ့မလောင်းဘဲ လက်ဖျော်နဲ့လောင်းတဲ့ site တွေမှာတော့ fc'=2500 psi နဲ့တွက်ပါတယ်။ ဘာနဲ့ဘဲလောင်းလောင်း tube test စမ်းသပ်ဖို့ရန်အတွက် sample လုံလုံလောက်လောက်ယူသင့်ပါတယ်။
တချို့ အထပ်ပိုမြင့်တဲ့ အဆောက်အဦးတွေ နဲ့ ငလျင်စဉ်းစားတဲ့ မြန်မာပြည်က အဆောက်အဦးတွေ မှာတော့ Grade 30 (သို့) Grade 35 တို့ကိုသုံးကြတာတွေ့ရပါတယ်။ steel အတွက်ကတော့ ပုံမှန်အားဖြင့် fy = 40000 psi နဲ့တွက်ကြပါတယ်။ company က တာဝန်ယူပြီး grade မြင့်တဲ့ high strength steel တွေကို ၀ယ်ပေးနိုင်မယ်မှာ သေချာပါက လုံလောက်တဲ့ steel test တွေလုပ်ပြီး fy = 60000 psi နဲ့ တွက်ပါတယ်။


Torsion အများဆုံးဖြစ်တတ်တာကတော့ ယေဘုယျအားဖြင့်တော့ Beam တစ်ချောင်းရဲ့ Mid span မှာ ဖြစ်တတ်ပါတယ်။ ငလျင် ဒီဇိုင်းမှာတော့ ဖြစ်ပေါ်တတ်တဲ့နေရာ ကို မှန်းရမလွယ်ပါဘူး။
Torsion ဆိုတာကို မြင်သာအောင် ပြောရရင် ... ကျနော်တို့ အလျှော်ပြီးရင် အ၀တ်ညှစ် သလိုပါဘဲ။ အ၀တ်ကို ညှစ်လိမ်သလိုမျိုး Beam ကိုလဲ အဲ့ဒီလို လိမ်ချိုးမယ့် အခြေအနေပါ။
Torsion ဖြစ်ပေါ်စေတဲ့ တခြားအခြေအနေတွေလဲရှိပါတယ်။
ဥပမာ ..
(၁) Beam တစ်ချောင်း ရဲ့ တဘက် တချက်စီမှာ ရှိတဲ့ slab span တွေဟာ span ချင်းမတူကြရင် ရင်လဲ Torsion ၀င်နိုင်ပါတယ်။
(၂) Beam တစ်ချောင်း ရဲ့ တဘက်မှာသာ Slab ရှိပြီး တခြားတဘက်မှာ မရှိရင်လဲ Torsion ၀င်နိုင်ပါတယ်။
(၃) Beam တစ်ချောင်း ရဲ့ တဘက်မှာသာ Cantilever Slab ရှိပြီး တခြားတဘက်မှာ Slab မရှိရင်လဲ Torsion ၀င်နိုင်ပါတယ်။

တော်ရုံ တန်ရုံ Torsion လောက်ကတော့ Beam မှာသုံးထားတဲ့ Main Steel နဲ့ Stirrups တွေလောက်နဲ့တင် အိုကေ လေ့ရှိပါတယ်။ ပုံမှန် Beam design တွေမှာ Torsion Design လေ့မရှိကြပါဘူး။ အထက်မှာ ဖော်ပြထားတဲ့အထဲက နံပါတ် (၃) အခြေအနေပါ။ အဲ့ဒီ Beam ရဲ့ အပေါ်နဲ့ အောက်မှာ Beam ကို ညှပ်ထားစေမယ့် wall မရှိဘူး ဆိုရင် ၊ Beam ကလဲ Span တော်တော်ရှည်တယ်ဆိုရင်တော့ အဆိုးဆုံးပါဘဲ။

ကာကွယ်ဖို့ကတော့ ..
Beam ကို Torsion Design တွက်ပြီး စစ်ပေးဖို့လိုပါမယ်။
Stirrups က Closed stirrups ဖြစ်ရပါမယ်။ Stirrups ကို ခပ်စိတ်စိတ်ထည့်ပေးရုံနဲ့ မခံနိုင်တော့ရင်တော့ Longitudinal Torsion Bar (LTB) ထည့်ပေးရပါမယ်။ LTB ကတော့ Beam ရဲ့ တစ်ဘက်တစ်ချက် Mid portion မှာ Side Face မှာ Top & Bottom Main Bar တွေနဲ့ အပြိုင် ထည့်ပေးရတာပါ။


RC Slab (not flat slab) 

ထုံးစံအတိုင်းပါဘဲ ..... အရင်ဆုံးအနေနဲ့ တကယ့် site ထဲမှာ ကိုယ့် Project မှာ သုံးမယ့် Concrete Grade ကိုသိရပါမယ်
(ဥပမာ .. grade 30, grade 35, grade 40 စသည်..)
နောက်ပြီး RC Beam ထဲမှာ သုံးမယ့် steel ရဲ့ strength ကို သိဖိုလိုပါတယ်။
(ဥပမာ ... grade 275, grade 460 စသည်..)


Slab Design ကို 3D analysis နဲ့ design မလုပ်ဘူးဆိုရင်တော့ ...
တခြား Beam Design & Column Design တွေနဲ့ ဘာမှ ဆက်စပ်မှုမရှိပါဘူး ။ Frame Analysis ဘာမှ လုပ်စရာမလိုပါဘူး ။
Slab Design တွေကို သီးခြား Design လုပ်လို့ရပါတယ်။ များသောအားဖြင့်တော့ Coefficient method နဲ့ design လုပ်လေ့ရှိပါတယ် ။
Slab Design ကို one way slab , two way slab & cantilever slab design ရယ်ဆိုပြီး ခွဲခြားလုပ်ကြပါတယ် ။
ပြောမယ်ဆိုရင်တော့ ... Beam design နဲ့ စဉ်းစားပုံ concept ချင်းက တော့ အတူတူပါဘဲ .. ။
Beam Design
မှာကတော့ Beam width & Beam depth နဲ့ Beam design လုပ်ခဲ့သလိုပါဘူး ....
Slab Design မှာကတော့ Slab Strip ( 1 meter (or) 12 inches ) (width) & slab thickness (depth) နဲ့ ဒီဇိုင်းလုပ်တာပါဘဲ ... ။ ကွာခြားမှုမရှိပါဘူး ။

တကယ်လို့ 3D analysis & design ကို SAFE software ကိုသုံးပြီး design လုပ်မယ်ဆိုရင်တော့ ...
slab design မှာ two way & cantilever slab design ကိုဘဲ ဒီဇိုင်းလုပ်မှာ ဖြစ်ပါတယ် ။
ဘာဖြစ်လို့လဲဆိုတော့ SAFE software ဟာ finite element method နဲ့ analysis လုပ်မှာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ 
  
 Credit

http://www.myanmarengineer.org